(ရွှေပါရမီတောရ)
မိဘကျေးဇူးဆပ်လေရှိသမျှအပေးထူးမြတ်လေ
ကျေးဇူးကျေတာ မကျေတာကို အဓိကမထားပဲ 'ကျေးဇူးဆပ်နေဖို့အဓိက'လို့ နှလုံးသွင်းပြီး
လောကနည်းနဲ့ရော ဓမ္မနည်းနဲ့ပါ မိဘကို အမြဲကျေးဇူးဆပ်နေဖို့ပဲ အရေးကြီးပါတယ်။ မိဘကို ရုပ်ပိုင်းဆိုင်ရာရော၊
စိတ်ပိုင်းဆိုင်ရာပါ အဆင့်အတန်းမြင့်အောင်
ကျေးဇူးဆပ်နေတဲ့
သားကောင်းသမီးကောင်းရဲ့ ထံမှောက်ကို ကံကောင်ခြင်းလက်ဆောင်တွေ အရပ်ဆယ်မျက်နှာကနေ '၀င်လာမစဲ တသဲသဲ' ဆိုသလို အလုံးအရင်းနဲ့ ၀င်လာမှာကတော့ သေချာပေါက်ပါပဲ။
ချက်ချင်းထလုပ်ပါ
ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း
မြန်မြန်သွက်သွက်ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်
အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲနေမယ်ဆိုရင် မလုပ်ဖြစ်တော့ဘဲ
လွဲချော်သွားတက်ပါတယ် ။
မြန်မြန်သွက်သွက်ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်
အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲနေမယ်ဆိုရင် မလုပ်ဖြစ်တော့ဘဲ
လွဲချော်သွားတက်ပါတယ် ။
စိတ်ညံ့ရင် သိပ်လန့်တယ်
စိတ်ဆင်းရဲခြင်းဆိုတာက စိတ်ဓါတ်ပျော့ညံတဲ့သူတွေ ကန်ထရိုက်ဆွဲထားတဲ့
ခပ်ညံညံ ပစ္စည်းတစ်ခုပါ စိတ်ချမ်းသာခြင်းကတော့ စိတ်ဓါတ်ခိုင်မာသူတွေရဲ့ 
မူပိုင်ရတနာထုပ်ကြီး တစ်ခုဖြစ်ပါတယ် ။
ခပ်ညံညံ ပစ္စည်းတစ်ခုပါ စိတ်ချမ်းသာခြင်းကတော့ စိတ်ဓါတ်ခိုင်မာသူတွေရဲ့ 
မူပိုင်ရတနာထုပ်ကြီး တစ်ခုဖြစ်ပါတယ် ။
ယာယီကိုတာရှည်မထင်ပါနဲ့
ဘယ်လောက်ကောင်းတဲ့ အရသာကိုခံစားရခံစားရ တဒင်္ဂတစ်ခဏလေးပါ
အိမ်မက်ထဲကအပျော်တွေဟာ ဘယ်လောက်မှမကြာသလိုပါပဲ အိမ်မက်ရဲ့ နောက်ကွယ်မှာ ဗလာတွေပဲပြည့်နေသလို
သာယာမှုတွေရဲ့ နောက်ကွယ်မှာ
ဆင်းရဲပင်ပန်းမှုတွေပဲ ပြည့်နှက်နေပါတယ် ။
ဆင်းရဲပင်ပန်းမှုတွေပဲ ပြည့်နှက်နေပါတယ် ။
အားထုတ်ဖြစ်ဖို့က အဓိက
ရောဂါပျောက်ချင်လို့ တရားအားထုတ်တာလည်းကောင်းပါတယ်
စီးပွားရေး ၊ လူမှုရေးအဆင်ပြေချင်လို့ တရားအားထုတ်တာလည်းကောင်းပါတယ်
စိတ်ဓါတ်ခိုင်မာငြိမ်းချမ်းပြီး စိတ်နေသဘောထားကြီးကျယ် မြင့်မြတ်ချင်လို့
တရားအားထုတ်တာလည်း ကောင်းတာပါပဲ ဒါပေမယ့် အားလုံးထဲမှာ
ခန္ဓာဇာတ်သိမ်း ဒုက္ခငြိမ်းချင်လို့ တရားအားထုတ်တာကတော့ အကောင်းဆုံးပါပဲ ။

ချစ်လေပူလေ
သောကမှန်သမျှချစ်ခြင်းကြောင့်ဖြစ်ရတာပါ
ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ်
ချစ်စရာဆယ်ခုရှိရင် သောကဆယ်ခုရှိမယ်
ချစ်စရာ အများကြီးရှိရင်တော့ သောကအများကြီးရှိမယ်ပေါ့
သောကငြိမ်းချင်ရင်တော့ ချစ်စရာတွေကို
လျှော့ပစ်နိုင်ရမယ်လေ
ချစ်ရမယ့်သူ ၊ ချစ်ရမယ့်အရာနည်းပါးသွားလေ
သောကမီးလည်း ချုပ်ငြိမ်းသွားလေပါပဲ ။

ကြီးလေကဲလေ
နွားတစ်ကောင် အသက်ကြီးလေ သူရဲ့ ဦးချိုရှည်လာလေ ၊
လူတစ်ယောက်အသက်ကြီးလေ သူရဲ့ တဏှာကြီးလာလေ ၊
အသားတိုးသလောက်တရားမတိုးရင် မရသေးတဲ့ကာမဂုဏ်ရချင်တဲ့တဏှာရယ်
ရပြီးသားကာမဂုဏ်ခံစားချင်တဲ့တဏှာရယ် တဏှာတွေပဲ အတိုင်းထက်အလွန် တိုးပွားလာပါတယ် ။
လူတစ်ယောက်အသက်ကြီးလေ သူရဲ့ တဏှာကြီးလာလေ ၊
အသားတိုးသလောက်တရားမတိုးရင် မရသေးတဲ့ကာမဂုဏ်ရချင်တဲ့တဏှာရယ်
ရပြီးသားကာမဂုဏ်ခံစားချင်တဲ့တဏှာရယ် တဏှာတွေပဲ အတိုင်းထက်အလွန် တိုးပွားလာပါတယ် ။
လမ်းတစ်ဆုံးသွားရင် အားလုံးရောက်တယ်
နိဗ္ဗာန်ကို ရည်စူးတဲ့တောင်းဆုဟာ အမြင့်ဆုံးတောင်းဆုပါ ။
နိဗ္ဗ္ဗာန်ဘူတာအထိကုသိုလ်လက်မှတ် ဖြတ်ထားပြီးမှတော့လူချမ်းသာနတ်ချမ်းသာဆိုတဲ့
ကြားဘူတာတွေ ဖြတ်သန်းခွင့်မရမှာကို တွေးပူနေစရာမလိုတော့ပါဘူး ။
သေချာပေါက်ဖြတ်သန်းခွင့်ရမှာပါ ။
နိဗ္ဗ္ဗာန်ဘူတာအထိကုသိုလ်လက်မှတ် ဖြတ်ထားပြီးမှတော့လူချမ်းသာနတ်ချမ်းသာဆိုတဲ့
ကြားဘူတာတွေ ဖြတ်သန်းခွင့်မရမှာကို တွေးပူနေစရာမလိုတော့ပါဘူး ။
သေချာပေါက်ဖြတ်သန်းခွင့်ရမှာပါ ။
အမြင့်ဆုံးမှာထားစေချင်
ကိုယ့်ရဲ့ တောင်းဆုကို အမြင့်ဆုံးမှာထားတတ်ဖို့ ထားနိုင်ဖို့
၊ ထားဖြစ်ဖို့ အထူးလိုအပ်လှပါတယ် အမြင့်ဆုံးတောင်းဆုကိုပြုထားရင် အမြင့်ဆုံးရဲ
့အောက်က
ကောင်းကျိုးဆုလာဘ်တွေကိုလည်း မလိုချင်အဆုံးရရှိသွားမှာပါ ။
ကောင်းကျိုးဆုလာဘ်တွေကိုလည်း မလိုချင်အဆုံးရရှိသွားမှာပါ ။
..........................................................................................................
http://soethuhein.iblogger.org/?cat=5 မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

No comments:
Post a Comment